Thursday, June 25, 2015

Nero 2015 Platinum v16.0.05500

Nero ကိုတော့ Computer User တိုင်း သိပြီးသားပါဗျာ CD/DVD တွေကို Burn တဲ့ နေရာမှာ အသုံးပြုတဲ့ program လေးပေါ့ CD/DVD အခွေ တွေကို ကူးမယ်ဆိုရင်တော့ User တော်တော်များများက Nero ကိုပဲ အသုံးပြုကြပါတယ်ဗျာ အခြား program ဘယ်လိုကောင်းကောင်း Nero ကို မမှီနိုင်ပါဘူး သူ့ အားနည်းချက် အားသာချက်နဲ့ပေါ့ Nero က ရိုးရှင်းတယ် မြန်ဆန်တယ် စွမ်းဆောင်ရည်ရှိတယ် အသုံးပြုရ လည်း လွယ်ကူစေတယ် Nero Platinum လေးကတော့ Multimedia အနေ နဲ့ DVD ,Blu-Ray , 3D , ULTRA , LIVE Backup.... So on.. စတာတွေ ကို Professional  တစ်ယောက်အနေ နဲ့ ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါတယ်ဗျာ

Soft Organizer v4.10


Soft Organizer  လေးကတော့ မိတ်ဆွေ တို့ Windows System မှာ ရှိတဲ့ မလိုအပ်တော့ တဲ့ Program တွေကို Uninstall နဲ့ ပြန်ထုတ်ပစ်တဲ့ နေရာမှာ တော်တော် အသုံးဝင်လှ ပါတယ်ဗျာ. မိတ်ဆွေ တို့ Uninstall လိုက်တဲ့ ဆော့ဝဲလ်ရဲ့ Folder တွေနဲ့ Registry Entries Key တွေအားလုံးကို ဒီကောင်လေးက အကုန်ပြောင်အောင် ရှင်းထုတ်ပေးနိုင်ပါတယ်ဗျာ Files ဆိုဒ် သေးသလောက် အသုံးဝင်ပြီး Program တွေ ကို ပြန်လည် ပြု ပြင်တဲ့ နေရာမှာများစွာ အထောက် အကူပြုစေပါတယ်.

Viber For PC v5.1.2

မိတ်ဆွေ တို့ရဲ့ Computer ကနေ တခြား Viber အသုံးပြုနေကြ တဲ့ တစ်ကမ္ဘာလုံးက တခြား ဖုန်းတွေ , ကွန်ပျူတာတွေကို ဖုန်းခေါ်သလို အလွယ်တကူ ခေါ်လို့ရမယ့် Massage ပေးပို့ လို့ ရမဲ့ Viber PC Update လေးပါဗျာ Viper PC ရဲ့ အထိက အားသာ ချက် က တော့ Paid sticker တွေ ကို အခမဲ့ အသုံးပြု နိုင်တာ ပါ. ရိုးရိုး Call အပြင် Video Call ပါ အသုံးပြုလို့ အဆင်ပြေလာပါပြီး အကောင့်လျှေက် နည်း ကတော့ ပထမ ဦးစွာ မိမိ ဖုန်း မှာ Viper ရှိရ ပါမယ် ပြီးရင် IOS,Android စတဲ့ မိမိ ဖုန်းအမျိုးစား သက်ဆိုင်ရာ ရွေးပြီး မိမိဖုန်း နံပါတ်ကို ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် မိမိ ဖုန်းထဲမှ viber ကိုလည်း Internet ဖွင့်ထားရမှာ ဖြစ်ပြီး viber မှ မိမိဖုန်းထဲကို code နံပါတ် message လှမ်းပို့ပေးမှာ ဖြစ်ပါတယ်.

Wake On LAN v2.11.4

Internet Cafe , သင်တန်းတွေ အတွက် အသုံးဝင်တဲ့Program လေးပါဗျာ Network တစ်ခု အတွင်းမှာ ရှိတဲ့ မိတ်ဆွေ တို့ Computer ကနေ တခြား User Computer ကို Shut down , Open , Restart လုပ်ပေးနိုင်တဲ့ Program လေးပါဗျာ မိတ်ဆွေ တို့ Computer နဲ့ တခြား Computer ကို Network သာ ချိတ်ထားပါစေ၊ အဲဒီ Computer က Shutdown လုပ်ထားတာတောင်မှ လှမ်းဖွင့်နိုင်ပါတယ်ဗျာ အဲဒီ Computer ထဲ ကို လျှပ်စစ်ပါဝါ ၀င်နေဖို့တော့ လိုတယ်နော် :) ( eg- PC 1 ကနေ PC 2 ကို လှမ်းဖွင့်မယ် ဆိုပါစို့ အရင်ဆုံး PC2 ရဲ့ MAC address ကို တော့ သိရ ပါမယ် PC2 မှာ command prompt ကိုဖွင့်ပြီး getmac လို့ ရိုက်လိုက်ပါ အဲဒါဆို MAC address ကျလာပါလိမ့်မယ် နမူနာ ဒါမျိုးပေါ့ 00-17-C4-F4-20-2D အဲဒီ MAC address ကို စာရွက်ပေါ်ဖြစ်ဖြစ် ကူးလိုက်ပါ ပြီးရင် ရပါပြီး အဲဒီ PC2 ကို Shutdown လုပ်လိုက်ပါဗျာ ပြီးရင် ဒီဘက် PC1 ကို ပြန်လာခဲ့ပြီး Command Prompt ကို ဖွင့်ပါ Cmd ထဲမှာ  နမူနာ C:\>....Wake On LAN..../sendlocal /mac:00-22-15-BE-23-25  :) ဒီလိုမျိုး  Command ရိုက်ပြီး Enter ခေါက်လိုက်ပါဗျာ Text တွေ အလိုလို ပေါ်လာပါလိမ့်မယ် ဒါဆိုရင် တော့ PC2 လေးက ဘယ်သူမှမဖွင့်ဘဲ သူ့အလိုလို ပွင့်လာပါလိမ့်မယ်ဗျာ.

Opera 30.0 Build 1835.88 Stable

အဆင့် မြင့် Broswer တစ် ခု ဖြစ်တဲ့ Opera ရဲ့ new version Update လေးပါဗျာ Firefox လောက် မကျော်ကြား ပေမဲ့ FireFox  ပြီးတာ နဲ့ Opera လေးဟာ တော်တော် မြန်ဆန်တဲ့ Browser လေးပါဗျာ။ မြန်မာ စာ အတွက် အ နည်း ငယ် အခက် အခဲ ရှိတာကြောင့် မြန်မာ တွေ အသုံးပြု နည်း ကြတာပဲ ရှိပါတယ်။ Browser နှစ်ခု သုံးခု ကို တစ်ပြိုင် တည်း သုံးတတ်ကြ တဲ့ မိတ်ဆွေ တွေ နဲ့ Opera Update မဖြစ်သေးတဲ့ မိတ်ဆွေ တွေ အောက်မှာ Download လိုက်ပါဗျာ

Windows 10 Transformation Pack v4.5

Transformation Pack တွေ ကိုမှ အသုံးပြု ရတာ ကြိုက်နှစ်သက် ကြတဲ့ မိတ်ဆွေ တွေ အတွက် Windows 10 Transformation Pack v4.5 အသစ်ထွက်ရှိလို့ လာပါပြီးဗျာ. အရင် Version နှင့် မတူ တဲ့ Themes and wallpapers, icons, sounds စတဲ့ ထူးခြား ချက်တွေ ထပ်မံ ထည့်သွင်းထားပြီး အသုံးပြု ရတာ လည်း အဆင်ပြေ စေပါတယ်. ကဲ စမ်းသပ် အသုံးပြု ချင် နဲ့ မိတ်ဆွေ တွေ နဲ့ Update မဖြစ်သေး တဲ့ မိတ်ဆွေ တွေ အောက်မှာ Download ရယူနိုင်ပါတယ်ဗျာ

Daum PotPlayer v1.6.54838 Beta

လူတွေ တော်တော် များများ မေးလေ့ ရှိကြ တဲ့ Player တွေ အထဲ မှာ ဘယ် Player ဟာ အသုံးပြု ရင် ကောင်း လည်းဆိုတာပေါ့ အခု ကျွန်တော် ပြောမဲ့ ဒီ Daum Pot Player လေး ကတော့ တကယ့်ကို အသုံးဝင် ပြီး ကောင်းမွန် လှပါတယ်ဗျာ Korean နိုင်ငံ က တရားဝင်ထုတ်လုပ်ထားတဲ့ Player ဖြစ်ပြီး KM Player လေးနဲ့ features တော်တော်များများ တူပါတယ်ဗျာယ အဓိက အားသာ ချက် အနေ နဲ့ ကတော့ Videos တွေ ကို အရည်အသွေးအကောင်းဆုံး ပြ နိုင်တာ ဖြစ်ပါတယ်. ခေတ်ရှေ့ ပြေးနေတဲ့ 
Videos and audio Formats အားလုံးကို ဖွင့်နိုင်မဲ့  DXVA codecs လည်းပါဝင်ပါတယ်.ဒီ Program လေး က အလွန်ကြည့်ကောင်း တဲ့ ပုံစံ ပါရှိပြီး Main Windows ကို လည်း transparency (ဖောက်ထွန်းမြင်)  နိုင်တဲ့ပုံစံ ကိုလည်း မိတ်ဆွေ တို့စိတ်ကြိုက် ပြုလုပ်နိုင် ပါသေးတယ်ဗျာ. Video မှ အသံဖိုင်တွေ ကိုလည်း record နိုင်ပြီး မိမိ စိတ်ကြိုက် ရှာဖွေထားတဲ့ DSP plugins တွေကို နောက်ထပ် အပို ထည့်သွင်းနိုင်ပါသေးတယ်ဗျာ

Tuesday, June 23, 2015

GlarySoft Registry Repair v5.0.1.70

Glarysoft  က Free အနေနဲ့ ထုတ်လုပ်ထားတဲ့ program တစ်ခုဖြစ်ပြီး မိတ်တွေတို့ ရဲ့ Windows System ရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ Registry ကို နဲ့ ပတ်သတ်တဲ့ ပြသာနာတွေ တော်တော်များများ ကို  ရှာဖွေဖြေရှင်း ပေးနိုင်ပါတယ်ဗျာ

Wise PC 1stAid v1.42.60


Wise 365 က ထုတ်လုပ်ထား တဲ့ အသုံးဝင် တဲ့ Tool လေးပါဗျာ. မိတ်ဆွေ တို့ Windows System တွေ မှာ အဖြစ်များ ဆုံး ဖြစ်တဲ့ Icon တွေရဲ့နောက်မှာ အရောင်တွေ select ဖြစ်နေတဲ့ ပြဿနာ တွေ Windows တတ် တတ်ချင်း ကြာ နေလို့ သိပ်မရှည်တာနဲ့ ဟိုနှိပ်ဒီနှိပ်နဲ့ လုံးဝငြိမ်သွားတဲ့ ပြဿနာ   တွေ Webpage နဲ့ Link ဖွင့် လို့ မရတော့ တဲ့ ပြဿနာ တွေ  IE , Task Manager ,Regedit  တွေ ကို ခေါ်လို့ မရ တဲ့ ပြဿနာ   စတာတွေ ကို ဒီ Tool လေး က တစ်ချက် နိုပ်ရုံ နဲ့ ဖြေရှင်း ပေးနိုင်ပါတယ်ဗျာ.

uTorrent v3.4.3 Build 40580 Beta

 utorrent ဆိုတာ ကတော့ Download လုပ်မယ့်သူနဲ့ Upload တင်တဲ့ သူကြားမှာ Files Share လုပ်ပေးနိုင်တဲ့ Server တစ်ခုပါ utorrent ကို အသုံးပြုတဲ့ အခါမှာ Speed ကောင်းတဲ့ ဖိုင်တွေကို ရွေးချဖို့ လိုအပ်ပါတယ်ဗျာ ထိုကဲ့သို့ Speed ကောင်းတဲ့ Files Upload တွေကို ရွေးချ မှသာ Download လုပ်တဲ့ သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ် Web Page တစ်ခု က uTorrent တင်ထားတဲ့ Files တွေ ကို Download လုပ်တော့မယ်ဆိုရင်တော့  ပထမဆုံးအနေနဲ့ မည့်သည့်ဖိုင်မှမပါရှိပဲ utorrent  Link များသာပါ ရှိပါတယ် အဲဒီ Download ရ လာတဲ့ Link Files လေးကိုDouble Click ပေးလိုက်ရင် ထိုလင့်လေးမှာပါတဲ့ Files တွေ ကို Box ကလေး တစ်ခုနဲ့ ပြသမှာပဲဖြစ်ပါတယ် အဲဒီ Box ကလေးနဲ့ မိတ်ဆွေ တို့ Download Files တွေကို ရွေးပြီး ရင်တော့ Ok ပေးလိုက်ပါဗျာ အလိုအလျှောက် Download နေ မှာ ဖြစ်ပါတယ်ဗျာ utorrent ကို အသုံးပြုရတဲ့နည်းလမ်းဟာ ရိုးရှင်းလွယ်ကူသည့်အပြင် Resume Download လည်း ရ ပါတယ်ဗျာ uTorrent  ရဲ့ အဓိက အားသာ ချက်ကတော့ မိမိ Upload တင်ချင် တဲ့ ဖိုင်တွေ ကို အကန့် သတ်မရှိ ဘဲ မြန် နဲ့ မြန် တင်နိုင်ခြင်း | Download Link ပျက်စီး ခြင်း မရှိ ခြင်း စတာ ကြောင့် Files Size ကြီး တဲ့ ISO တွေ ကို uTorrent  မှာ တင်ကြ တာ များပါတယ်ဗျာ. ဒါလေး ကတော့ torrentz.eu Wed Page ကတော့ တစ်နေရာ တည်းမှာ မိမိ ရှာလိုတာကို ဖော်ပြပေးနိုင်တဲ့ Wedpage တစ်ခုပါ.

Adobe Flash Player v18.0.0.194

Adobe Flash Player v18.0.0.194 လေးပါ .Adobe Flash Player ဆိုတာ ဘာလဲ ဆိုပြီး မသိသေးတဲ့ သူတွေ အတွက် Adobe Flash Player အကြောင်း လေး နည်းနည်းလောက် ပြော ပါ ရစေဗျာ. Adobe Flash Player ဆိုတာ Internet Explorer, Opera, Chrome, FireFox, Safari, and စတဲ့ Internet Browser တွေ မှာ မရှိ မဖြစ် plugin လုပ်ပေးရတဲ့ Program တစ်ခုပါ.  Internet ပေါ် ရှိ တချို့သော Video ဖိုင်များဟာ Flash Player ရှိမှ သာ ကြည့်နိုင်ပါတယ် အကယ်၍ မိမိ မှာ Flash Player မရှိခဲ့ဘူး ဆိုရင် သို့မဟုတ် Update မဖြစ်ဘူးဆိုရင်တော့ ထို Video ဖိုင်တွေကို ကြည့်လို့ မရနိုင်ပါဘူး အထူး သဖြင့်  YouTube တွင်တင်ထားသော Video ဖိုင်အများ စု ဟာ Flash Player ရှိမှသာ ကြည့်နိုင်တာတွေ့ ရပါတယ်ဗျာ. အကြောင်း အမျိုးမျိုး ကြောင့် Adobe Flash Player Update လေးမဖြစ်သေး မိတ်ဆွေ တွေ  နဲ့ Adobe Flash Player မရှိသေးတဲ့ မိတ်ဆွေ တွေ အတွက် ရည်ရွယ် ပြီး Adobe Flash Player Offline Installer လေး ကို တင်ပေးလိုက်ပါတယ်ဗျာ.

WYSIWYG Web Builder v10.4.0

Web Developer များ Blogger များ အတွက် အသုံးဝင်လှတဲ့ program လေးပါဗျာ မိတ်ဆွေ တို့ ရဲ့ web pages နဲ့ design တွေကို ပြင်ဆင်ရာတွင် HTML4, HTML5, XHTML, CSS3, PHP တို့ဖြင့် လွယ်ကူစွာ ရေးဆွဲနိုင်ပြီး Template ပေါင်း 100 ကျော် နှင့်တကွ HTML5 Audio/Video, YouTube, Flash Video နဲ့ Slidehows, photo galleries, rollover images, rollover text တို့ပါဝင်ပါတယ်ဗျာ ဒါအပြင် Navigation bars, Menu bar စသည့် ရှိတဲ့ အသုံးတည့် သော Plugin တွေ များစွာ ကို မိမိ ကျွမ်းကျင်မှု အလိုက် လုံခြုံရေးစနစ်တစ်ခု အဖြစ် ဖန်တီး ထည့်သွင်းရေး ဆွဲနိုင်တယ်လို့ဆိုပါတယ်ဗျာ.